ယောက်ျားအများစုကတော့ မိမိချစ်သူရဲ့ ပထမဆုံး ဖြစ်ချင်ကြသလို တကယ်လို့သာ မိမိချစ်သူဟာ မိမိနဲ့အရင် မဟုတ်ဘဲ တခြားတစ်ယောက်နဲ့ လူသိရှင်ကြား အိပ်စက်ခဲ့ဖူးပြီးမှ မိမိနဲ့ လက်ထက် ယူလိုက်တယ်ဆိုရင်လည်း ပတ်ဝန်းကျင်ရဲ့ တိရစ္ဆာန် တစ်ကောင်နဲ့ နှိုင်းယှဉ်ခံရနိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို အခြေအနေမျိုးကို ဂရုမစိုက်တဲ့အပြင် တစ်ထောင်မှာ တစ်ယောက်ရှိဖို့ ခဲယဉ်းတဲ့ ယောက်ျားမျိုးလည်း ရှိသေးတယ်ဆိုတာကို သက်သေပြလိုက်သူကတော့ Jay ဖြစ်ပါတယ်။
အကြောင်းကတော့ Abbygail Marquez ဆိုတဲ့ ဆယ်ကျော်သက် မိန်းမငယ်လေးတေစ်ယောက်ဟာ သမီးလေးတစ်ယောက်ကို ကိုယ်ဝန်လွယ်ထားရချိန်မှ သူ့ရဲ့ချစ်သူက စွန့်ပစ်ထားခဲ့လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာတော့ သူမရဲ့အနားကို အမျိုးသားတစ်ယောက် ရောက်ရှိလာခဲ့ပြီး သူမရဲ့ ဘဝ သာမက သူမ သမီးလေးရဲ့ ဘဝတွေကိုပါ ပြောင်းလဲပစ်နိုင်သူဆိုရင်လည်း မမှားပါဘူး။ သူကတော့ အခုနက ပြောခဲ့တဲ့ Jay ဆိုသူပါ။ Jay ဟာ Abbygail ရဲ့ လေးတန်း ကျောင်းသူဘဝကတည်းက ငယ်ချစ်ဦးဖြစ်ခဲ့သူပါ။
ဒီလိုအချိန်မှာ Abbygail ရဲ့ အခက်အခဲကို Jay တစ်ယောက် မျက်ကွယ်ပြုထားမယ် ဆိုရင်လည်း သူ့လုပ်ရပ်ကို မှားတယ်လို့ အပြစ်တင်နိုင်မှာ မဟုတ်ပေမဲ့ Jay ကတော့ Abbygail ရဲ့ ဘဝကို အသစ် တစ်ဖန် ပြန်လည် နိုးထစေခဲ့သလို သိပ္ပံနည်းအရ အရင်းမဟုတ်တဲ့ ရင်သွေးကိုလည်း သမီး အရင်းလို ပြုစုစောင့်ရှောက်ခဲ့ပါတယ်။ ဒါ့ပြင် သမီးလေး Diaper လဲပေးတာ၊ ချော့သိပ်တာနဲ့ အပြင်သွားလည်း ချီသွားတတ်ပြီး သူ့ရဲ့မေတ္တာဟာ တစ်ထောင်မှာ တစ်ယောက်ရှိဖို့ ခဲယဉ်းတဲ့ ယောက်ျားတစ်ယောက် အဖြစ် ပြောယူရမလိုပါ။
Ref: Viral4real.com
ကျော်လင်းအောင်
ကျော်လင်းအောင်
ConversionConversion EmoticonEmoticon