ယောက်ျားကောင်းဆိုတာ...?


ယောက်ျားကောင်းဆိုတာ မလုပ်ပေးနိုင်တာကို ကြိုပြီးတော့ ကတိမပေးသလို 
ကတိပေးပြီးရင်လည်း ပေးတဲ့ကတိတည်အောင်လုပ်ရတယ်။ 

Dnvuapwx8vt84dqkrr2x
ယောက်ျားကောင်းဆိုတာ ဆုံးဖြတ်ချက်ကို လွယ်လွယ်နဲ့မချတတ်သလို ဆုံးဖြတ်ချက် 
ချပြီးရင်လည်း ချတဲ့အတိုင်း မဖြစ်ဖြစ်အောင်လုပ်ရတယ်။ ခဏလေးပဲဆိုပြီး တွေးဝေနေလို့ မရဘူး။ 
ယောက်ျားကောင်းဆိုတာ မိန်းကလေးတစ်ယောက်ကို ချစ်မယ်ဆိုလည်း တစ်ယောက်တည်းပဲ သစ္စာရှိရှိချစ်ရသလို သူ့ဘက်က သစ္စာမရှိလို့ ကျောခိုင်းရပြီဆိုရင်လည်း ပြတ်ပြတ်သားသားပဲ လမ်းခွဲနိုင်ရမယ်။ ဘယ်လောက်ပဲ ချစ်တယ်ပြောပြော ဘယ်တော့မှ နောက်ကြောင်းပြန်မလှည့်ရဘူး။

ရှမ်းပုတ်(မိုမိုလေး)
Previous
Next Post »