သတိထားကြပါ ပုံ​လေးနှိပ်​ပြီး ဖတ်​ပါ ပြီးရင်​ အများသူငှာ သတိထားဖို့ share ​ပေးပါ



ယခုလေးမှဖြစ်သွားတဲ့ မန္တလေးတောင်မှ လုယက်နည်းအသစ်လား..

နေရာက မန္တလေးတောင်အဆင်းလမ်း..ညောင်ဘုရားရှေ့
အချိန်က 8.7.2017 ည 9:00 ယခုလေးတင်..

ဖြစ်ပွါးပုံက အသက်အစိတ်ခန့် လူငယ်နှစ်ဦးက ညောင်ဘုရားမှာထိုင်နေတဲ့ ကလစ် ဆိုင်ကယ်ဘီးနဲ့ စုံတွဲကို တုတ်တစ်ချောင်းနဲ့ ပြဿနာရှာနေတာ အမှန်က ည လူရှင်းတော့ ရိုက်ပြီးလုဖို့ထင်တယ်..

ပြဿနာရှာခံရတဲ့ကောင်လေးနဲ့ ကောင်မလေးကအော်ဟစ်ပြီး ဘုန်းကြီးကျောင်းထဲက ဦးဇင်းတွေဘုန်းဘုန်းတွေ အကူညီတောင်းမှ ဘုန်းဘုန်းဦးဇင်းတွေထွက်လာတော့မှ..

တုတ်နဲ့လူက စုံတွဲက လူငယ်ကို မင်းငါ့ကို Facebookမှာ ဆဲထားလို့တဲ့...

စုံတွဲလူငယ်နဲ့ကောင်မလေးက အကိုလဲ ကျွန်တော်မသိဘူး Facebookလဲအကိုကြည့်ရတယ်ဆိုပြီး ကောင်မလေးက ဖုန်းကို ဖွင့်ပြတာတွေ့ရတယ်..

နောက်ဆုံး ဦးဇင်းတွေဘုန်းဘုန်းတွေရှိတော့ မဟန်တာနဲ့
ဆိုင်ကယ်အတူစီးလာတဲ့ အဖော်နဲ့ လစ်ထွက်သွားတယ်..

ဟုတ်ကဲ့ ဘယ်သူအမှား အမှန်ကိုယ်တိုင်ဝေဖန်သုံးသပ်ပြီး..
မလုံခြုံတဲ့ နေရာ ညအခါတွေမှာ သတိ ဝီရိယနဲ့ ဆင်ခြင်နေထိုင်နိုင်ကြပါစေဗျာ..

Share ပေးကြပါ..
Credit မြန်​မာသတင်းဦး သတင်းထူးများ
Previous
Next Post »