Royal Star တွင် ဖြစ်ပွားခဲ့သော Customer နဲ့ Waiter တို့အချင်းများပြီး ဓါးထိုးမှု့ဗီဒီယိုဖိုင်ထွက်ပေါ်


ဇွန်လ ၂၈ရက်နေ့  ည 9:30 အချိန်ခန့် တွင် ပြည်မြို့ နဝဒေကားကြီးဝန်းအတွင်း Royal star စားသောက်ဆိုင်ရှေ့တွင် ဓါးထိုးမှု ဖြစ်ပွားသည်ဟု အသင်းသို့ အရေးပေါ်သတင်းဝင် အကူညီတောင်းခံလာသဖြင့် အသင်းမှ Ambulance ၂စီး/ နိဗ္ဗာန်ယာဉ် ၁စီးဖြင့် အချိန်မှီသွားရောက်ခဲ့ပါသည်။ ( အောက်ဆုံးတွင် ဗီဒီယိုဖိုင်တွဲတင်ပေးထားပါသည် )
ထိခိုက်ဒဏ်ရာရ အမျိုသား လူနာ နှစ်ဦးဖြစ်သော ၁။ သော်ဇင်အောင် မှာ ရင်ညွန့်နှင့် ညာဘက် ခါးအထက် တွင် ထိုးသွင်းဒဏ်ရာ ၁ချက်စီနှင့်။
၂။ နိုင်ကြီး မှာ ဦးခေါင်းထိခိုက်ဒဏ်ရာနှင့် ညာဘက်ရင်အုံ အနီးထိုးသွင်းဒဏ် ရာ များဖြင့်အခင်းဖစ်ပွားရာနေ မှာတွေ့ရှိေ သာကြောင့် သွေးထွက်မလွန်စေရန် သွေးထိန်းပေးခြင်း လိုအပ်တာများ ပြုလုပ်ပေးကာ ပြည်သူ့ဆေးရုံကြီး ကုတင်၅၀၀ ပြည် အရေးပေါ်ဌာနသို့ပို့ အချိန်မှီပို့ ဆောင်ပေးခဲ့ပီး။
ဇာနည်အောင် မှာ ညာဘက်ရင်အုံထိုးသွင်းဒဏ်ရာ ၁ချက်ဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားပါသဖြင့် မိုးမေတ္တာ နာကူ ပြည်မှ နိဗ္ဗာန် ယာဉ် ဖြင့် ပြည်သူ့ဆေးရုံကြီး ပြည် ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ပါသည်။
ဗီဒီယိုကြည့်ရန်

Previous
Next Post »