အံသြမှင်သက်သွားလောက်အောင် ဆွဲဆောင်နိုင်တဲ့ သရုပ်ဆောင်စွမ်းရည်တွေပိုင်ဆိုင်ထားပေမယ့် ကံမကောင်းလို့ပဲဖြစ်ဖြစ် ဇာတ်ကားရဲ့ဇာတ်လမ်းကျောရိုးကြောင်ြ့ဖစ်ဖြစ် ရုပ်ရှင်လောကသားတွေတိုင်း လိုချင်တပ်မက်ကြတဲ့ အော်စကာဆုနဲ့ လွဲချော်တတ်ကြပါတယ်။ ဒီလို သရုပ်ဆောင်ကောင်းပေမယ့် အော်စကာဆု လုံးဝမရသေးတဲ့ မင်းသားလေးယောက်အကြောင်းကို ဒီနေ့မှာဖော်ပြပေးသွားချင်ပါတယ်ခင်ဗျာ။
ရောဘတ်ဒေါင်းနင်းဂျူနီယာ
ရောဘတ်ဒေါင်းနင်းဟာ Iron Man မင်းသားအဖြစ်နဲ့ လူသိများတဲ့ ဟောလီးဝုဒ်မင်းသားကြီးတစ်ဦးဖြစ်ပါတယ်။ ၁၉၉၂ခုနှစ်မှာ Chaplin ဇာတ်ကားအတွင်း ကမ္ဘာကျော်လူရွှင်တော် ချာလီချက်ပလင်အတိုင်း ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့လို့ အော်စကာဇကာတင်စာရင်းမှာ ပါဝင်လာတဲ့အထိ အောင်မြင်မှုရခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ မူးယစ်ဆေးသုံးစွဲမှုတွေကြောင့် နာမည်မှေးမှိန်လာခဲ့ပြီး Iron Man ဇာတ်ကားနဲ့ သရုပ်ဆောင်လောကကို ပြန်လည်ပါဝင်ခဲ့ရာမှာ အောင်မြင်မှုတွေ အထိုက်အလျောက်ပြန်ရခဲ့ပေမယ့် အော်စကာဆုနဲ့ကတော့ အလှမ်းဝေးနေဆဲပါပဲ။
တွမ်ခရု(စ်)
ဟောလီးဝုဒ်သရုပ်ဆောင်လောကမှာ တွင်တွင်ကျယ်ကျယ် အောင်မြင်နေတဲ့မင်းသားများကို ပြောပြပါဆိုရင် တွမ်ခရု(စ်)က ထိပ်ဆုံးနေရာနားလောက်မှာ ပါဝင်နေသင့်ပါတယ်။ ဒီမင်းသားကြီးဟာ အက်ရှင်ဇာတ်ကားများမှာ ကိုယ်တိုင်စတန့်ပြုလုပ်ချက်တွေ ဖန်တီးနိုင်ခဲ့တဲ့အထိ ရုပ်ရှင်ကားတွေကို စိတ်ရောကိုယ်ပါနစ်ပြီး ရိုက်ကူးတတ်သူဖြစ်ပါတယ်။ သူရဲ့သရုပ်ဆောင်စွမ်းရည်တွေကြောင့် အော်စကာဆုပေးပွဲများအတွင်း သုံးကြိမ်တိုင်တိုင် ဇကာတင်စာရင်းဝင်ခဲ့ပေမယ့် သုံးကြိမ်လုံးလွဲချော်ခဲ့ရပါတယ်။
ဝီလ်စမစ်
နာမည်ကျော်လူမည်းသရုပ်ဆောင်တွေထဲမှာမှ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာလည်းပါ ကမ္ဘာ့အကောင်းဆုံးရုပ်ရှင်သရုပ်ဆောင်စာရင်းမှာလည်း ပါဝင်သူဟာ ဝီလ်စမစ်ဖြစ်ပါတယ်။ သူရဲ့ဇာတ်ကားတွေဟာ အရေအတွက်အရ အခြားသရုပ်ဆောင်ကြီးတွေထက် နည်းတယ်ဆိုပေမယ့် Ali နဲ့ Pursuit of Happyness ဇာတ်ကားနှစ်ကားကတော့ လူတိုင်းကိုဆွဲဆောင်နိုင်ခဲ့တဲ့အပြင် အကောင်းဆုံးဇာတ်ဆောင်သရုပ်ဆောင်ဆုအတွက်ပါ ဇကာတင်စာရင်းဝင်ခဲ့ပေမယ့် ဆုနဲ့တော့လွဲချော်ခဲ့ပါတယ်။
ဂျော်နီဒပ်
ဂျက်စပဲရိုးအဖြစ် လူသိများတဲ့ ဂျော်နီဒပ်ကတော့ ထူးထူးဆန်းဆန်းဇာတ်ရုပ်တွေကို အံ့ဝင်ခွင်ကျသရုပ်ဆောင်နိုင်သူဖြစ်ပါတယ်။ ဒီလိုဇာတ်လမ်းမရွေး သရုပ်ဆောင်နိုင်ခဲ့သူဖြစ်လို့ အော်စကာဆုဇကာတင်စာရင်းမှာ မကြာခဏပါဝင်ခဲ့ရပြီး ဒီထဲမှာမှ အကောင်းဆုံးမင်းသားဆုအတွက်လည်း သုံးကြိမ်အထိ ဇကာတင်စာရင်းဝင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကံဆိုးချင်တော့ အသက်၅၃နှစ်ရောက်တဲ့အချိန်ထိ အော်စကာဆုနဲ့ လွဲချော်နေဆဲပဲဖြစ်ပါတယ်။
Credit-momolay
ConversionConversion EmoticonEmoticon