Kyaikmayaw Mpf
Aung Moe Myint

၆-၇-၂၀၁၇ရက်နေ့ ၁၂၀၀အချိန် ကျိုက်မရောမြို့နယ်
ရွာသစ်ကုန်းကျေးရွာနေ မမျိုးမျိုးဝေ(၁၄)နှစ် (၉တန်းကျောင်းသူ) မငြိမ်းသဇင်ထူး(၁၄)နှစ်(၉တန်းကျောင်းသူ) နှင့် မအိဖြူဇင်(၁၅)နှစ်တို့ သူငယ်ချင်း(၃)ဦးသည် (အထကဖာသိမ်) ၌ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ ပြုလုပ်ပြီး၍
ကျောင်းမှအပြန် လမ်းလျောက်လာစဉ် ရွာသစ်ကုန်းကျေး ရွာနေ ဦးကျော်၏ ရာဘာခြံအတွင်း အလျား(၃၀)ပေအကျယ်(၂၀)ပေ အနက်(၇)ပေခွဲခန့်ရှိ ရေကန်ဘေးမြေသားလမ်း အရောက် မြေသားများမှာ ရေကန်အတွင်းသို့ လျှောကျခဲ့၍ ၄င်းတို့(၃)ဦးစလုံး ရေကန်အတွင်းသို့ ပါသွားရာ မငြိမ်းသဇင်ထူး နှင့် မအိဖြူဇင်တို့မှာ ကမ်းပေါ်သို့ပြန်လည် တက်ရောက်နိုင်ခဲ့သော်လည်း မမျိုးမျိုးဝေမှာကမ်းပေါ်သို့ ပြန်လည်တက်ရောက်နိုင်ခြင်း မရှိသဖြင့်
မငြိမ်းသဇင်ထူး မှ မမျိုးမျိုးဝေ၏ ဖခင်ဦးလုံးအား သွားရောက်အကြောင်းကြားခဲ့ရာ ဦးလုံးမှ မမျိုးမျိုးဝေအား ဆယ်ယူခဲ့ရာ မမျိုးမျိုးဝေမှာ ပြင်ပဒဏ်ရာများမရှိဘဲ နှုတ်ခမ်းပြာနှမ်းလျှက် သေဆုံးနေသည်ကို တွေ့ရှိရ၍ မမျိုးမျိုးဝေ
သေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးပေးပါရန် ရဲအုပ်တင်အောင်ဟိန်းမှတရားလိုပြုလုပ် တိုင်တန်းသဖြင့် ချောင်းနှစ်ခွ နယ်မြေရဲစခန်းမှ သေမှုသေခင်းရေးဖွင့် ဆောင်ရွက်ကာ ရဲအုပ်တင်အောင်ဟိန်းမှပင် စစ်ဆေးဆောင်ရွက်လျှက်ရှိပါသည်။
Kyaikmayaw Mpf
Aung Moe Myint
ConversionConversion EmoticonEmoticon