မကွေးမြသလွန် ဘီလူးရီနေတဲ့ပုံရဲ့ သမိုင်းကြောင်းကတော့ ဒီလိုတော့သိတယ် ဘီလူးက ၆ကောင်ပါ ဘီလူးမနှစ်ကောင် ကိုချန်လှပ်ထားတယ် သမိုင်းမှာ ဘောသော ဘောကျော် ဘောသူရာ ဘောရသ
ဘီးလူးလေးကောင် တို့သည် ဘုရားထံမှ ရတဲ့ မြသပိတ်နဲ့ မြသလွန် ကို ဘုရားဗျာဒိတ်ပေးတဲ့နေရာမှမတည်ပဲ ဘုရားပြိုအရပ်မှာတည်တာကို သိကြားမင်းသိတော့ ဝရဇိန်လက်နက်နဲ့ဖြိုခွင်းပြီး မြသလွန် နဲ့ မြသိပိတ် ကိုယူကာ ဘုရားသုံးဆူတောင်မှ ရသေ့ညီနောင်သုံးပါးထံအပ်တယ် ..
ဘီလူးဘောကျော် လူဝင်စားဖြစ်မှ ဘုရားတည်ခွင့်ပေးဖို့ မှာကြာလေတယ်
ဘီလူးဘဝမှ စုတေကြပြီး ဘောကျော်လူဝင်စားဖြစ်လာတဲ့အချိန် မဂ္ဂရမြို့(မြစ်ကွေးမြို့ နောက်ကြာလာတော့ မကွေးမြို့ဖြစ်) မှာ ကုန်သည်အဖြစ်နဲ့ ရောက်ရှိပြီး မကွေးမြို့ သူဌေးကြီးဦးဘောဂရဲ့သမီး ပုဏ္ဏဝတီ မင်းသမီးလေးနဲ့ လက်ထပ်ယူပြီး ရှေးထုံးကံ ပါရမီကြောင့် ရသေ့ညီနောင်သုံးပါးထံ ရောက်ရှိသွားတယ်..
ရသေ့ညီနောင်သုံးပါးကလဲ ဒိဗ္ဗစက္ကုဉာဏ်နှင့် ကြည့်ရှုတဲ့အခါ ဘီလူးဘော်ကျော် လူဝင်စားမှန်းသိလေသည်။ သိကြားမင်းမှာကြားခဲ့တဲ့အတိုင်း ဘောကျော်လူဝင်စားကို မြသလွန်နဲ့မြသပိတ် ပြန်လည်ပေးအပ်လိုက်ပြီး နာဂုတ္တမတောင်ပေါ်မှာ ကျောက်ဖြာသုံးချပ်အုပ်၍ ဌာပနာပြီး ဘုရားပြန်တည်ခွင့်ပေးလိုက်သည်။
ဘုရားတည်နေစဉ်အချိန်အတွင်းမှာ ဘဝဟောင်းက ဆွေတော်မျိုးတော်ဘီလူးအပေါင်းတို့ ဝိုင်းဝန်းပြီးတည်ပေးကြတယ်။ ထိုအခါမှာ ဘောကျော်ဟာ လွန်စွာမှ သဒ္ဒါကြည်နူး ပီတိထောပနာဖြစ်ပြီး သောတပန်တည်သွားခဲ့တယ်။ သောတပန်ပြီးနောက် ၇ ဘဝ မြောက်ရင် အမှန်ဧကန်နိဗ္ဗာန်စံဝင်ရမယ်ဆိုတာကိုသိရှိသွားပြီး ဝမ်းသာလွန်းတဲ့စိတ်ကြောင့် ပြုံးရယ်မိခဲ့တယ် ..
ထိုသို့ပြုံးရယ်ခြင်းသည် မြသလွန်စေတီတော်ကြီး၏ အလယ်ဖောင်းရစ်နေရာ၌ ဘီလူးခေါင်း ၂၁ ခေါင်း ထည့်သွင်း ထုလုပ်စေခဲ့သည့်အခါ
သောကြာနဲ့ တနင်္ဂနွေ ထောင့်ကြားမှာရှိတဲ့ ဘီလူးခေါင်းဟာ ဘောကျော် ပြုံးရယ်နေတဲ့ပုံစံအတိုင်း ဖြစ်ပေါ်ခဲ့ရတယ် .. ပန်းရံဆရာ တွေ အကြိမ်ကြိမ်ပြုပြင်ခဲ့သော်လည်း ဘယ်လိုမှပြင်၍မရ ပြုံးရယ်တဲ့ပုံသာ ပြန်ဖြစ်ခဲ့တယ်။
ထို့ကြောင့် နိဗ္ဗာန်ဝင်ရမယ့် ဘီလူးပြုံးရယ်နေပုံဖြစ်သည်။
Credit-မကွေးသူ၊မကွေးသားများဆုံစည်းရာ
ConversionConversion EmoticonEmoticon