အိမ္အလည္သြားရာမွ ပထမတန္းေက်ာင္းသူကို အိမ္ရွင္ျဖစ္သူက အဓမၼျပဳက်င့္ရန္ ၾကံစည္


တိုက္ႀကီးၿမိဳ႕နယ္ အိုးတန္းရပ္ကြက္ ေဇယ်ာသီရိ ၃ လမ္းမွာ ဇူလိူင္လ ၃ ရက္ေန႔ ည ၈ နာရီေလာက္က တလမ္းထဲေန မ်က္ႏွာခ်င္းဆိုင္အိမ္သို႔သား မိႏွစ္ေယာက္အလည္သြားရာမွ အိမ္ရွင္ျဖစ္သူမွာ အသက္ ၁၁ အရြယ္ပထမတန္းေက်ာင္းသူကို အဓမၸျပဳက်င့္ရန္ၾကံစည္မႈ ျဖစ္ပြားခဲ့တယ္လို႔ တိုက္ႀကီးၿမိဳ႕နယ္ရဲစခန္းမွ အမႈစစ္ဒုရဲအုပ္သန္းျမတ္စိုးက ေျပာပါတယ္။

အခင္းျဖစ္စဥ္မွာ တလမ္းတည္းေန ေဒၚ ——မွာ သမီးျဖစ္သူ မ——– အသက္ ၁၁ ႏွစ္အရြယ္ ပထမတန္းေက်ာင္းသူနဲ႔အတူ ဇူလိုင္ ၃ ရက္ေန႔ ၅ နာရီခြဲက ေနအိမ္နဲ႔ မ်က္ႏွာခ်င္းဆိုင္ တရားခံေဇာ္မင္းႏိုင္နဲ႔ ဇနီးမေဝေမာ္ခိုင္တို႔ေနအိမ္သို႔ အလည္သြားစဥ္ တရားခံေဇာ္မင္းႏိုင္မွ ဆီခ်က္ေခါက္ဆြဲေကာ္ရည္စားခ်င္ေၾကာင္းဆိုကာ ဝယ္ခိုင္းတဲ့အတြက္ မိခင္ျဖစ္သူမွာတရားခံရဲ႕ ဇနီးတို႔ သြားဝယ္ေပးခဲ့ရာျပန္ေရာက္ခ်ိန္မွာ တရားခံက ထပ္မံၿပီး ပဲဟင္းစားခ်င္ေၾကာင္း ေျပာရာ ထပ္မံသြားဝယ္ေပးခဲ့ပါတယ္။ ေစ်းထြက္ဝယ္ရာမွာ သမီးျဖစ္သူ မ——ကို တရားခံေဇာ္မင္းႏိုင္နဲ႔ အတူထားခဲ့ၿပီး ေနာက္တႀကိမ္ထပ္မံၿပီး ဆီခ်က္ေခါက္ဆြဲ ထပ္ဝယ္ခိုင္းရာမွာ မိခင္ျဖစ္သူက သမီးျဖစ္သူကို ေနအိမ္သို႔ ျပန္ခိုင္းခဲ့ပါတယ္။ ၿပီးေနာက္တေယာက္တည္း ဆီခ်က္ေခါက္ဆြဲ ဝယ္ေပးခဲ့ၿပီး ေနအိမ္ျပန္ေရာက္တဲ့အခါ သမီးျဖစ္သူမွာ အေမတို႔ ပဲဟင္းသြားဝယ္ေနခ်ိန္ တရားခံေဇာ္မင္းႏိုင္မွ သူရဲ႕ေနအိမ္ အိပ္ရာထဲမွာ ေဘာင္းဘီကို အတင္းဆြဲခၽြတ္ၿပီး အဓမၼျပဳက်င့္ဖို႔ ၾကံစည္ျပဳလုပ္ခဲ့ေၾကာင္းေျပာတဲ့အတြက္ မိခင္ျဖစ္သူ ေဒၚ——က သမီးျဖစ္သူကို အဓမၼျပဳက်င့္ဖို႔ ႀကံစည္သူ တလမ္းတည္းေန ေဇာ္မင္းႏိုင္ကို အေရးယူေပးဖို႔ တိုက္ႀကီးၿမိဳ႕နယ္ ရဲစခန္းမွာ အမႈဖြင့္တိုင္ၾကားခဲ့တာပါ။

ျဖစ္စဥ္နဲ႔ပတ္သတ္ၿပီး တိုက္ႀကီးၿမိဳ႕မရဲစခန္းက တရားခံေဇာ္မင္းႏိုင္ (ခ) မွတ္ႀကီး (ခ) အငယ္ေလး (၂၇)ႏွစ္ ယာဥ္ေနာက္လိုက္ဆိုသူကို ညတြင္းခ်င္းသြားေရာက္ဖမ္းဆီးခဲ့ပါတယ္။ တရားခံကို ပ/ ၂၇၄/၂၀၁၇ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၆/၅၁၁ နဲ႔ ဒုရဲအုပ္သန္းျမတ္စိုးမွ အမႈဖြင့္စစ္ေဆးေနၿပီး သားမယားအျဖစ္ျပဳက်င့္ရာမွာ အထေျမာက္၊ မေျမာက္ကိုေတာ့ တိုက္ႀကီးၿမိဳ႕နယ္ေဆး႐ုံမွာ မ——-ကို စစ္ေဆးတာေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။

Credit – DVB Burmese

=====

Unicode

တိုက်ကြီးမြို့နယ် အိုးတန်းရပ်ကွက် ဇေယျာသီရိ ၃ လမ်းမှာ ဇူလိူင်လ ၃ ရက်နေ့ ည ၈ နာရီလောက်က တလမ်းထဲနေ မျက်နှာချင်းဆိုင်အိမ်သို့သား မိနှစ်ယောက်အလည်သွားရာမှ အိမ်ရှင်ဖြစ်သူမှာ အသက် ၁၁ အရွယ်ပထမတန်းကျောင်းသူကို အဓမ္ပပြုကျင့်ရန်ကြံစည်မှု ဖြစ်ပွားခဲ့တယ်လို့ တိုက်ကြီးမြို့နယ်ရဲစခန်းမှ အမှုစစ်ဒုရဲအုပ်သန်းမြတ်စိုးက ပြောပါတယ်။

အခင်းဖြစ်စဉ်မှာ တလမ်းတည်းနေ ဒေါ် ——မှာ သမီးဖြစ်သူ မ——– အသက် ၁၁ နှစ်အရွယ် ပထမတန်းကျောင်းသူနဲ့အတူ ဇူလိုင် ၃ ရက်နေ့ ၅ နာရီခွဲက နေအိမ်နဲ့ မျက်နှာချင်းဆိုင် တရားခံဇော်မင်းနိုင်နဲ့ ဇနီးမဝေမော်ခိုင်တို့နေအိမ်သို့ အလည်သွားစဉ် တရားခံဇော်မင်းနိုင်မှ ဆီချက်ခေါက်ဆွဲကော်ရည်စားချင်ကြောင်းဆိုကာ ဝယ်ခိုင်းတဲ့အတွက် မိခင်ဖြစ်သူမှာတရားခံရဲ့ ဇနီးတို့ သွားဝယ်ပေးခဲ့ရာပြန်ရောက်ချိန်မှာ တရားခံက ထပ်မံပြီး ပဲဟင်းစားချင်ကြောင်း ပြောရာ ထပ်မံသွားဝယ်ပေးခဲ့ပါတယ်။ စျေးထွက်ဝယ်ရာမှာ သမီးဖြစ်သူ မ——ကို တရားခံဇော်မင်းနိုင်နဲ့ အတူထားခဲ့ပြီး နောက်တကြိမ်ထပ်မံပြီး ဆီချက်ခေါက်ဆွဲ ထပ်ဝယ်ခိုင်းရာမှာ မိခင်ဖြစ်သူက သမီးဖြစ်သူကို နေအိမ်သို့ ပြန်ခိုင်းခဲ့ပါတယ်။ ပြီးနောက်တယောက်တည်း ဆီချက်ခေါက်ဆွဲ ဝယ်ပေးခဲ့ပြီး နေအိမ်ပြန်ရောက်တဲ့အခါ သမီးဖြစ်သူမှာ အမေတို့ ပဲဟင်းသွားဝယ်နေချိန် တရားခံဇော်မင်းနိုင်မှ သူရဲ့နေအိမ် အိပ်ရာထဲမှာ ဘောင်းဘီကို အတင်းဆွဲချွတ်ပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်ပြုလုပ်ခဲ့ကြောင်းပြောတဲ့အတွက် မိခင်ဖြစ်သူ ဒေါ်——က သမီးဖြစ်သူကို အဓမ္မပြုကျင့်ဖို့ ကြံစည်သူ တလမ်းတည်းနေ ဇော်မင်းနိုင်ကို အရေးယူပေးဖို့ တိုက်ကြီးမြို့နယ် ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တာပါ။

ဖြစ်စဉ်နဲ့ပတ်သတ်ပြီး တိုက်ကြီးမြို့မရဲစခန်းက တရားခံဇော်မင်းနိုင် (ခ) မှတ်ကြီး (ခ) အငယ်လေး (၂၇)နှစ် ယာဉ်နောက်လိုက်ဆိုသူကို ညတွင်းချင်းသွားရောက်ဖမ်းဆီးခဲ့ပါတယ်။ တရားခံကို ပ/ ၂၇၄/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆/၅၁၁ နဲ့ ဒုရဲအုပ်သန်းမြတ်စိုးမှ အမှုဖွင့်စစ်ဆေးနေပြီး သားမယားအဖြစ်ပြုကျင့်ရာမှာ အထမြောက်၊ မမြောက်ကိုတော့ တိုက်ကြီးမြို့နယ်ဆေးရုံမှာ မ——-ကို စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Credit – DVB Burmese
Previous
Next Post »