သင်တို့ဟာ တကယ်လိုက်ဖက်တဲ့ စုံတွဲဟုတ်၊ မဟုတ် သိနိုင်မယ့် အချက် (၄) ချက်


သင့်ချစ်သူဟာ သင့်အတွက် ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုလား? ဒါမှမဟုတ် သင်တို့စုံတွဲဟာ နတ်ဖတ်တဲ့ စုံတွဲတစ်တွဲ ဖြစ်ချင်သလာ? အပေါင်းအသင်းကြားမှာ စံပြအတွဲအဖြစ် နေထိုင်မလား? ဒီအချက်တွေနဲ့ ကိုက်ညီတယ်ဆိုရင်တော့ သင်တို့ဟာ တစ်ကယ်ကို လိုက်ဖက်တဲ့ စုံတွဲလေးပါ။ 

၁ - စိတ်တူ၊ ကိုယ်တူ၊ ၀ါသနာတူ 

အရာရာတိုင်း ထပ်တူကျ လိုက်လုပ်ရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် ၀ါသနာတူနေတဲ့ အချက်တွေတော့ အနည်းငယ် ရှိသင့်ပါတယ်။ ဥပမာ စာအုပ်တွေဖတ်ရတာ ကြိုက်တာမျိုး၊ သီချင်းအသစ်တွေကို မလွတ်တမ်း ဒေါင်းလော့ဆွဲ နားထောင်ရတာ ကြိုက်တာမျိုးပေါ့။

Sek6hg2biuyjhlyjpcp8
၂ - ဆက်ဆံရေးမှာ မျှချေဖြစ်တယ် 

အနည်းငယ်တော့ နားရှုပ်စရာပါ။ ဒါပေမယ့် အကျင့်တွေအားလုံး တူနေတိုင်းလည်း မကောင်းပါဘူး (၀ါသနာနဲ့ ကွဲလွဲပါတယ်) ကောင်မလေးက စကားများတတ်သူဆို၊ ကောင်လေးက အေးအေးနေတတ်သူမျိုးက ပိုမိုလိုက်ဖက်ပါတယ်။ အပျော်အပါးမက်သူနဲ့ အနေအေးသူ။ အစားပုတ်သူနဲ့ အစားနည်းသူ စသဖြင့်ပေါ့။ 

၃ - ခရီးသွားတဲ့ပုံစံတူညီတာ 

ဒါကတော့ ခရီးတူတူသွားကြည့်ဖူးမှ သိနိုင်မယ့် အချက်ပဲဖြစ်ပါတယ်။ တစ်ယောက်က သဘာဝထူးခြားနေရာတွေကို သွားရတာနှစ်သက်ပြီး တစ်ယောက်ကတော့ ဘုရားဖူးထွက်ချင်တာမျိုးဆို လိုက်ဖက်တဲ့ စုံတွဲလို့ မဆိုနိုင်တော့ပါဘူး။ ထို့အတူ တစ်ယောက်က ပေါ့ပေါ့ပါးပါး သွားလာစားသောက်တတ်ပြီး၊ တစ်ယောက်ကတော့ ဟိုတယ်ကောင်းကောင်းကြီးမှာ တည်းရမှ၊ စားရမှဆိုရင်လည်း သင်တို့ဆက်ဆံရေးက ပျော်စရာ ကောင်းတော့မှာ မဟုတ်ပါဘူး။
Idepwwf3vegbv44okwhv
၎ - သူ့ကို ပိုင်ဆိုင်ရတာ ကြိုက်တယ် 

တစ်ခါတစ်ရံမှာ တကယ်ချစ်တဲ့ ချစ်သူတွေဟာ မိမိချစ်သူကို ပိုင်ဆိုင်ရတာ ကံကောင်းလိုက်တာလို့ စဉ်းစားမိတတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တစ်ဦးအပေါ် တစ်ဦး တန်ဖိုးထားတတ်ရင်၊ တစ်ဦးရဲ့ ဖြစ်တည်မှုအပေါ် တစ်ဦးက နားလည်လက်ခံနိုင်ရင် သင်တို့ဟာလည်း လိုက်ဖက်တဲ့ စုံတွဲလို့ သတ်မှတ်လို့ရပါတယ်။
Credit-momolay
Previous
Next Post »