မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်မှာ ဖြစ်ပွားခဲ့တဲ့ လေးလောင်းပြိုင်လူသတ်မူနဲ့ပတ်သတ်လို
့ မြန်မာနိင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်ကို လက်မခံနိုင်ဘဲ ပြန်လည်စစ်ဆေးပေးဖို့ မိသားစုဝင်တွေက အခင်းဖြစ်တဲ့နေအိမ်မှာပဲ မီဒီယာတွေနဲ့တွေ့ဆုံပြီး တောင်းဆိုလိုက်ပါတယ်။
“ရဲတပ်ဖွဲ့က ညာသန်ကို ဘယ်သန်လို့ပြောတယ်။ အခင်းဖြစ်ပြီး အိမ်ထဲကို လူငါးယောက် ဝင်သွားတာ လူစိမ်းခြေရာလည်း ပါတာကို မောင်စိုးနောင်နဲ့ပတ်သတ်တာတွေပဲ တွေ့တယ်လို့ ပြောတယ်။ DNA စစ်ချက်တွေကိုလည်း မယုံဘူး။ ပြန်စစ်ပေးဖို့ ပြည်ထဲရေးကိုလည်း စာတင်မယ်”လို့ သေဆုံးသွားတဲ့ မိသားစုဝင် ကိုစိုးနောင်ရဲ့ အကိုဖြစ်သူ ဦးဇင်းကပြောထားကြောင်း DVB ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ အိမ်ထောင်ဦးစီး ကိုစိုးနောင်ဟာ စိတ်မူမမှန်ဘဲ လူမှုရေး ပြဿနာတွေ ငွေကြေးအခက်ခဲတွေကြောင့် သားနှစ်ယောက်နဲ့ ဇနီးကိုသတ်ပြီး မိမိကိုယ်ကိုယ် သတ်သေတာလို့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။
အဆိုပါအမှုဖြစ်ပွားပြီး ၁၀ လကြာမှာ ထုတ်ပြန်လိုက်တဲ့ ဒီထုတ်ပြန်ချက်မှာ မသင်္ကာသူလို့ တွေ့ရှိထားသူ သုံးယောက်ကို မမိသေးခင်မှာ ထုတ်ပြန်တာဖြစ်ပြီး ကွဲလွဲချက်တွေများတာကြောင့် မိသားစုဝင်တွေက လက်မခံတာဖြစ်တယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
မိသားစုဝင်တွေရဲ့ ပြောကြားချက်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ပြန်လည်တုံ့ပြန်ပြောကြားတာမျိုးတော့ မရှိသေးပါဘူး။
Source: DVB
Credit: Duwun
ConversionConversion EmoticonEmoticon