ကားေပၚမွာ လက္သရမ္းတဲ့အမ်ိဳးသားႀကီးကုိ ေပၚတင္အြန္လိုင္းေပၚမွာ အရွက္ခြဲခဲ့သူ

စကၤာပူႏုိင္ငံ၊ ၿမိဳ႕ပတ္ရထားေပၚမွာ ရထားစီးတဲ့ မိန္းမပ်ိဳတစ္ဦးကို ကာယိေျႏၵပ်က္ေအာင္ တမင္ေစာ္ကားဖုိ႔ႀကိဳးစားတဲ့ အသက္အရြယ္ 50 သုိ႔မဟုတ္ 60 ခန္႔ အမ်ိဳးသားႀကီးရဲ႕ အက်င့္စ႐ုိက္ကုိ Facebook အသုံးျပဳသူ Winna Chin ဆုိတဲ့ အမ်ိဳးသမီးက ဗြီဒီယုိ/ဓာတ္ပုံမွတ္တမ္းရယူၿပီး၊ အြန္လုိင္းေပၚတင္ကာ အရွက္ခြဲခဲ့ပါတယ္။

အဆုိပါ အမ်ိဳးသားႀကီးဟာ လက္ကုိ မိန္းမပ်ိဳေလးနဲ႔ သူထုိင္ေနတဲ့ ခုံၾကားမွာ ေခတၱထားၿပီး၊ တျဖည္းျဖည္း သူမရဲ႕ ေပါင္ကုိ ကိုင္တြယ္ကာ မဖြယ္မရာ ျပဳလုပ္ဖုိ႔ ႀကိဳးစားခဲ့တာပါ။ ဒါကို Chin က ဖုန္းအသုံးျပဳေနသလုိဟန္ပန္နဲ႔ ဓာတ္ပုံ/ဗြီဒီယုိမွတမ္း ရယူခဲ့တာ ျဖစ္ပါတယ္။ အမ်ိဳးသားႀကီးဟာ မ်က္မွန္နဲ႔ ဥပဓိေကာင္းေကာင္းျဖစ္ေပမယ့္ အက်င့္ကေတာ့ ေလးစားစရာ မရွိဘူးလုိ႔ Chin က ေျပာခဲ့ပါတယ္။

အမ်ားျပည္သူသုံး ဘက္စ္ကားနဲ႔ ကားေတြဟာ မသမာသူလူတစ္စုရဲ႕ မဟုတ္မဟတ္လုပ္ရာ ေနရာေတြအျဖစ္ လူသိမ်ားခဲ့ပါတယ္။ အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားဟာ ဘက္စ္ကားနဲ႔ ယာဥ္အမ်ိဳးမ်ိဳးေပၚမွာ အမ်ိဳးသားတစ္ခ်ိဳ႕ရဲ႕ လိင္ပုိင္းဆုိင္ရာ ေစာ္ကားမႈ၊ ကာယိေျႏၵပ်က္ေစမႈေတြ ျပဳလုပ္ခံေနရၿပီး၊ ဂ်ပန္၊ တ႐ုတ္၊ စကၤာပူ၊ အိႏၵိယ စသည္ႏုိင္ငံေတြက အျမင့္ဆုံးလုိ႔ ဆုိပါတယ္။

ျမန္မာႏုိင္ငံမွာပင္လွ်င္ ယခုလုိ မသမာသူေတြ အမ်ားအျပားရွိေနၿပီး၊ မၾကာေသးခင္ႏွစ္က “ခရာလႈပ္ရွားမႈပင္”ေပၚေပါက္ခဲ့ရသည္အထိ ျဖစ္ခဲ့ရပါတယ္။ ထုိလႈပ္ရွားမႈမွာ ဘက္စ္ကား/ယာဥ္ရထား စသည္တုိ႔ကုိ စီးမယ့္အမ်ိဳးသမီးဟာ ခရာေလးေတြ ေဆာင္ထားဖုိ႔အေၾကာင္း၊ လိင္ပုိင္းဆုိင္ရာ ေစာ္ကားခံရပါက ခရာကို မႈတ္ဖုိ႔အေၾကာင္း၊ ဒီလုိ ခရာမႈတ္တဲ့ အမ်ိဳးသမီးကို အမ်ားျပည္သူက အကူအညီေပးဖုိ႔အေၾကာင္း လႈပ္ရွားခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေရရွည္မွာေတာ့ ခရာလႈပ္ရွားမႈဟာ ေမွးမွိန္သြားခဲ့ပါတယ္။

crd ္ Shwemom


Unicode

ကားပေါ်မှာ လက်သရမ်းတဲ့အမျိုးသားကြီးကို ပေါ်တင်အွန်လိုင်းပေါ်မှာ အရှက်ခွဲခဲ့သူ
By Han Kyaw Zou

စင်္ကာပူနိုင်ငံ၊ မြို့ပတ်ရထားပေါ်မှာ ရထားစီးတဲ့ မိန်းမပျိုတစ်ဦးကို ကာယိနြေ္ဒပျက်အောင် တမင်စော်ကားဖို့ကြိုးစားတဲ့ အသက်အရွယ် 50 သို့မဟုတ် 60 ခန့် အမျိုးသားကြီးရဲ့ အကျင့်စရိုက်ကို Facebook အသုံးပြုသူ Winna Chin ဆိုတဲ့ အမျိုးသမီးက ဗွီဒီယို/ဓာတ်ပုံမှတ်တမ်းရယူပြီး၊ အွန်လိုင်းပေါ်တင်ကာ အရှက်ခွဲခဲ့ပါတယ်။

အဆိုပါ အမျိုးသားကြီးဟာ လက်ကို မိန်းမပျိုလေးနဲ့ သူထိုင်နေတဲ့ ခုံကြားမှာ ခေတ္တထားပြီး၊ တဖြည်းဖြည်း သူမရဲ့ ပေါင်ကို ကိုင်တွယ်ကာ မဖွယ်မရာ ပြုလုပ်ဖို့ ကြိုးစားခဲ့တာပါ။ ဒါကို Chin က ဖုန်းအသုံးပြုနေသလိုဟန်ပန်နဲ့ ဓာတ်ပုံ/ဗွီဒီယိုမှတမ်း ရယူခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားကြီးဟာ မျက်မှန်နဲ့ ဥပဓိကောင်းကောင်းဖြစ်ပေမယ့် အကျင့်ကတော့ လေးစားစရာ မရှိဘူးလို့ Chin က ပြောခဲ့ပါတယ်။

အများပြည်သူသုံး ဘက်စ်ကားနဲ့ ကားတွေဟာ မသမာသူလူတစ်စုရဲ့ မဟုတ်မဟတ်လုပ်ရာ နေရာတွေအဖြစ် လူသိများခဲ့ပါတယ်။ အမျိုးသမီးတော်တော်များများဟာ ဘက်စ်ကားနဲ့ ယာဉ်အမျိုးမျိုးပေါ်မှာ အမျိုးသားတစ်ချို့ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ကာယိနြေ္ဒပျက်စေမှုတွေ ပြုလုပ်ခံနေရပြီး၊ ဂျပန်၊ တရုတ်၊ စင်္ကာပူ၊ အိန္ဒိယ စသည်နိုင်ငံတွေက အမြင့်ဆုံးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာပင်လျှင် ယခုလို မသမာသူတွေ အများအပြားရှိနေပြီး၊ မကြာသေးခင်နှစ်က “ခရာလှုပ်ရှားမှုပင်”ပေါ်ပေါက်ခဲ့ရသည်အထိ ဖြစ်ခဲ့ရပါတယ်။ ထိုလှုပ်ရှားမှုမှာ ဘက်စ်ကား/ယာဉ်ရထား စသည်တို့ကို စီးမယ့်အမျိုးသမီးဟာ ခရာလေးတွေ ဆောင်ထားဖို့အကြောင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရပါက ခရာကို မှုတ်ဖို့အကြောင်း၊ ဒီလို ခရာမှုတ်တဲ့ အမျိုးသမီးကို အများပြည်သူက အကူအညီပေးဖို့အကြောင်း လှုပ်ရှားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရေရှည်မှာတော့ ခရာလှုပ်ရှားမှုဟာ မှေးမှိန်သွားခဲ့ပါတယ်။

crd ် Shwemom
Previous
Next Post »