လိုင်းကားစီးရင် သတိမလွတ်ပဲ ကိုယ့်လွယ်အိတ် ပိုက်ဆံအိတ် ဖုန်းတွေကို ဂရုစိုက်ကြပါ


လိုင်းကားပေါ်က ခါးပိုက်နှိုက်တွေပါ။ လွန်ခဲ့တဲ့ ၃လလောက်က ကျွန်တော် အနှိုက်ခံရပါတယ် ဇစ်ပဲပွင့်ပြီးဘာမှမ ပါသွား ပါဘူး။ လူမမြင်အောင် အသင့်ပါလာတဲ့ အနွေးထည်အကျီနဲ့အုပ်ပြီးနှိုက်တာပါ။
တစ်ယောက်က ကွယ်ပေးပြီး တစ်ယောက်နှိုက်တာ။ နှိုက်တာသိလိုက်လို့လက်နဲ့စမ်းလိုက်တာ သူ့လက်က ချက်ချင်း ရုတ် သွားပါတယ်။ ဒါပေမယ့် ကျွန်တော်မပြောရဲခဲ့ပါဘူး။ ကြောက်တာလည်းပါတယ် နောက်ပြီးဆင်းခါနီးမို့လို့ ဒီအတိုင်းဆင်းခဲ့ လိုက်တာပါ။ ဒါပေမယ့် အဲ့ဒီလူ ၂ယောက်ရဲ့ မျက်နှာကိုတော့ ကောင်းကောင်းမှတ်မိခဲ့ပါတယ်။
မနေ့က ရုံးဆင်းချိန် ၅၈ စီးပြီး မြို့ထဲကအပြန် စံပြမှတ်တိုင်မှာဆင်းဖို့ ထိုင်ခုံကထလိုက်တော့ အဲ့လူ၂ယောက် ကို ပြန်ေ တွ့တာပဲ။ ချက်ချင်းဆိုသလို ဖုန်းနဲ့ ပုံတွေရသလောက် ရိုက်ခဲ့ပါတယ်။ ထုံးစံအတိုင်း အကျီနဲ့ကွယ်ပြီး နှိုက်ဖို့ကြိုး စားေ နကြပါတယ်။
သူတို့ချင်းစကားလှမ်းပြောပုံအရ ၃ယောက်ဖြစ်နေပါပြီ။ သူတို့နှိုက်မရအောင် ကျွန်တော်လည်း သူတို့ကြားထဲတိုးပြီး ဆင်း မှာလားမေးလိုက်တော့ ဆင်းမှာပြောပါတယ်။ မှတ်တိုင်မှာ ဆင်းတော့ သူတို့ ၃ယောက်လုံး ဆင်းလာပါတယ်။
ကျွန်တော်လည်း မသွားသေးပဲ အကွယ်လေးကနေ ရပ်ကြည့်နေပါတယ်။ ၂မိနစ်လောက်နေတော့ နောက်ထပ် ၅၈ကား တစ်စီးထပ်လာတော့ သူတို့သုံးယောက်လုံး အဲ့ကားပေါ်လိုက်သွားကြတယ်။
သူတို့ရဲ့ပုံစံတွေကတော့ အခုပုံထဲကလို တီရှပ်မှာ မျက်မှန်ချိတ်ထားတဲ့သူက အရပ်နဲနဲပုပါတယ်။ အရင်တစ်ခေါက် ကေ တာ့ မျက်မှန်ဝတ်ထားပါတယ်။ ဘေးလွယ်အိတ်ကိုလွယ်ထားပြီး အကျီလက်ရှည်ကိုမ၀တ်ဘဲ လက်တစ်ဖက်မှာ ပတ် တ င်ထားပါတယ်။
နောက်တစ်ယောက်က ပထမတစ်ယောက်ထက် နဲနဲပိုဝပြီး နဲနဲအရပ်ပိုမြင့်ပါတယ်။ အကျီနက်ပြာမှာ အဖြူလုံးနဲ့ တစ်ေ ယာက်ပါ။
နောက်ဆုံးတစ်ယောက်ကတော့ အကျီလက်ရှည်အမဲရောင် ၀တ်ထားတဲ့သူပါ။ သူလည်းပထမလူထက် အရပ်နဲနဲမြင့်ပါတ ယ်။ ၃ ယောက်လုံး ဘေးလွယ်အိတ်တွေ လွယ်ထားပါတယ်။
စာမရေးတတ်လို့ စာရှည်သွားတာ ခွင့်လွတ်ပါ။ ကိုယ်ရှာထားတဲ့ ချွေးနဲစာလေး အဲ့လိုအချောင်သမားတွေရဲ့လက်ထဲ ရော က်မသွားအောင် ကိုယ်ချင်းစာ ဒေါသစိတ်နဲ့ အသိပေးတာပါ။ အခုရက်ပိုင်းကလည်း လကုန်ရက် လခထုတ်ရက်တွေ ဆိုေ တာ့ အားလုံးပဲ လိုင်းကားစီးရင် သတိမလွတ်ပဲ ကိုယ့်လွယ်အိတ် ပိုက်ဆံအိတ် ဖုန်းတွေကို ဂရုစိုက်ကြပါလို့။
Linn Thet Myo
Source : goo.gl/1cb3t7
Previous
Next Post »