မဲေဆာက္ၿမိဳ႕မွ ျမဝတီၿမိဳ႕ ကိုးသံုးလံုးဂိတ္ကို ျဖတ္သန္းဝင္ေရာက္လာေသာ ျမန္မာလုပ္သားမ်ားကို ေတြ႕ရစဥ္ (ဓာတ္ပံု − ရဲမင္း/AAC)
ထိုင္းႏုိင္ငံမွ ျပန္ပို႔ခံရ သည့္ အလုပ္သမားမ်ား ေနရပ္ ျပန္ရန္ အခက္အခဲရွိပါက အခမဲ့ ပို႔ေဆာင္မည္ဟု အလုပ္သမား ၫႊန္ၾကားမႈဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေအာင္ေဌး ဝင္းကေျပာသည္။
အလုပ္သမားၫႊန္ၾကားမႈဦး စီးဌာန ဒုတိယၫႊန္ၾကားေရးမွဴး ခ်ဳပ္ ဦးေဆာင္ေသာ ကိုယ္စား လွယ္အဖြဲ႕သည္ ဇြန္လ ၃၀ ရက္ က အလုပ္သမားမ်ားအတြက္ လို အပ္သည့္ အကူအညီႏွင့္ ညႇိႏိႈင္း မႈမ်ားျပဳလုပ္ရန္ ျမန္္မာႏွင့္ ထိုင္း နယ္စပ္ ျမဝတီၿမိဳ႕သုိ႔ သြားေရာက္ ခဲ့သည္။
ထုိင္းအစိုးရက လက္ရွိအ ခ်ိန္ထိ အေထာက္အထားမဲ့ ျမန္မာလုပ္သမား သံုးေထာင္ခန္႔ကို ျမန္မာနယ္စပ္သို႔ ပို႔ေဆာင္ခဲ့ရာ အလုပ္သမားအခ်ိဳ႕ ေနရပ္ျပန္ရန္ အခက္အခဲမ်ားရွိေနသည္။
‘‘တခ်ိဳ႕အလုပ္သမားေတြက ေတာ့ ကိုယ့္အစီအစဥ္နဲ႔ကိုယ္ ျပန္ ေနၾကၿပီလို႔ ၾကားရပါတယ္။ ေနရပ္ျပန္ဖို႔ အခက္အခဲရွိေနၾကတဲ့ သူေတြကို ကြၽန္ေတာ္တုိ႔ ပို႔ေပးမွာ ပါ။ လူဦးေရ ဘယ္ေလာက္ကို ကူညီ ေဆာင္ရြက္ေပးရမလဲဆုိ တာ ဟိုေရာက္မွပဲ သိရပါမယ္’’ ဟု ဦးေအာင္ေဌးဝင္းက ေျပာ သည္။
ျမန္မာကိုယ္စားလွယ္အဖြဲ႕ သည္ ျမန္မာအလုပ္သမားမ်ားကို အေလာတႀကီး ဖမ္းဆီးေနျခင္း မ်ားႏွင့္ ပတ္သက္၍ ပညာေပး ကာလတစ္ခုထားရွိကာ ဖမ္းဆီး ျပန္လႊတ္သည့္ အခ်ိန္ကာလကို ေရႊ႕ဆုိင္းေပးရန္ႏွင့္ အလုပ္သမားမ်ား ျပန္ပို႔ရာတြင္လည္း တရားဝင္ ဂိတ္ေပါက္မ်ားမွပို႔ရန္ ကိစၥမ်ားကို ညႇိႏိႈင္းေဆြးေႏြးရန္ရွိ ေၾကာင္းဆုိသည္။
ထိုင္းႏုိင္ငံက အသစ္ျပ႒ာန္း ေသာ ႏုိင္ငံျခားသားအလုပ္သမား ဥပေဒအသစ္တြင္ တရားမဝင္ အလုပ္လုပ္ကိုင္ေနသည့္ အလုပ္ သမားမ်ားႏွင့္ အလုပ္ရွင္မ်ားကို စိစစ္ေတြ႕ရွိပါက ဖမ္းဆီး၍ ဒဏ္ေငြမ်ားႏွင့္ ေထာင္ဒဏ္ငါးႏွစ္အ ထိ ခ်မွတ္ႏိုင္သည့္အခ်က္မ်ား ပါရွိသည္။
အထက္ပါဥပေဒ စတင္အ သက္ဝင္သည့္ ဇြန္လ ၂၂ ရက္က စ၍ တရားဝင္အလုပ္သမားမ်ား ကို စတင္ဖမ္းဆီးရာ ၂၉ ရက္အထိ ျမဝတီကိုးသံုးလံုးဂိတ္၌ ျမန္မာ ေရႊ႕ေျပာင္းအလုပ္သမား ၂,၆၅၆ ဦးကို ထိုင္းႏုိင္ငံဘက္မွ ျပန္လည္ေစလႊတ္ခဲ့ေၾကာင္း အ လုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရး ႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန က သတင္းထုတ္ျပန္ထားသည္။
ထုိင္းႏုိင္ငံတြင္ အေထာက္ အထားမဲ့ သြားေရာက္အလုပ္လုပ္ကိုင္ေနသည့္ ျမန္မာအလုပ္သမားဦးေရ တစ္သန္းခန္႔ရွိ ေၾကာင္း ေရႊ႕ေျပာင္းအလုပ္သမားအေရး ကူညီေဆာင္ရြက္ေပး ေနသည့္ အဖြဲ႕မ်ားက ခန္႔မွန္းထား သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily
#Unicode Version#
မဲဆောက်မြို့မှ မြဝတီမြို့ ကိုးသုံးလုံးဂိတ်ကို ဖြတ်သန်းဝင်ရောက်လာသော မြန်မာလုပ်သားများကို တွေ့ရစဉ် (ဓာတ်ပုံ − ရဲမင်း/AAC)
ထိုင်းနိုင်ငံမှ ပြန်ပို့ခံရ သည့် အလုပ်သမားများ နေရပ် ပြန်ရန် အခက်အခဲရှိပါက အခမဲ့ ပို့ဆောင်မည်ဟု အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေး ဝင်းကပြောသည်။
အလုပ်သမားညွှန်ကြားမှုဦး စီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ဇွန်လ ၃၀ ရက် က အလုပ်သမားများအတွက် လို အပ်သည့် အကူအညီနှင့် ညှိနှိုင်း မှုများပြုလုပ်ရန် မြန်မာနှင့် ထိုင်း နယ်စပ် မြဝတီမြို့သို့ သွားရောက် ခဲ့သည်။
ထိုင်းအစိုးရက လက်ရှိအ ချိန်ထိ အထောက်အထားမဲ့ မြန်မာလုပ်သမား သုံးထောင်ခန့်ကို မြန်မာနယ်စပ်သို့ ပို့ဆောင်ခဲ့ရာ အလုပ်သမားအချို့ နေရပ်ပြန်ရန် အခက်အခဲများရှိနေသည်။
‘‘တချို့အလုပ်သမားတွေက တော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြန် နေကြပြီလို့ ကြားရပါတယ်။ နေရပ်ပြန်ဖို့ အခက်အခဲရှိနေကြတဲ့ သူတွေကို ကျွန်တော်တို့ ပို့ပေးမှာ ပါ။ လူဦးရေ ဘယ်လောက်ကို ကူညီ ဆောင်ရွက်ပေးရမလဲဆို တာ ဟိုရောက်မှပဲ သိရပါမယ်’’ ဟု ဦးအောင်ဌေးဝင်းက ပြော သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ သည် မြန်မာအလုပ်သမားများကို အလောတကြီး ဖမ်းဆီးနေခြင်း များနှင့် ပတ်သက်၍ ပညာပေး ကာလတစ်ခုထားရှိကာ ဖမ်းဆီး ပြန်လွှတ်သည့် အချိန်ကာလကို ရွှေ့ဆိုင်းပေးရန်နှင့် အလုပ်သမားများ ပြန်ပို့ရာတွင်လည်း တရားဝင် ဂိတ်ပေါက်များမှပို့ရန် ကိစ္စများကို ညှိနှိုင်းဆွေးနွေးရန်ရှိ ကြောင်းဆိုသည်။
ထိုင်းနိုင်ငံက အသစ်ပြဋ္ဌာန်း သော နိုင်ငံခြားသားအလုပ်သမား ဥပဒေအသစ်တွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် အလုပ် သမားများနှင့် အလုပ်ရှင်များကို စိစစ်တွေ့ရှိပါက ဖမ်းဆီး၍ ဒဏ်ငွေများနှင့် ထောင်ဒဏ်ငါးနှစ်အ ထိ ချမှတ်နိုင်သည့်အချက်များ ပါရှိသည်။
အထက်ပါဥပဒေ စတင်အ သက်ဝင်သည့် ဇွန်လ ၂၂ ရက်က စ၍ တရားဝင်အလုပ်သမားများ ကို စတင်ဖမ်းဆီးရာ ၂၉ ရက်အထိ မြဝတီကိုးသုံးလုံးဂိတ်၌ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၂,၆၅၆ ဦးကို ထိုင်းနိုင်ငံဘက်မှ ပြန်လည်စေလွှတ်ခဲ့ကြောင်း အ လုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံတွင် အထောက် အထားမဲ့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားဦးရေ တစ်သန်းခန့်ရှိ ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေး နေသည့် အဖွဲ့များက ခန့်မှန်းထား သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
ConversionConversion EmoticonEmoticon