သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ (သေရည် သေရက်နှင့်မူးယစ်စေသောအရာများ သောက်စားခြင်း)မှ ရှောင်ကြဉ်ရခြင်း၏ အကျိုးကျေးဇူးများ


သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ (သေရည် သေရက်နှင့်မူးယစ်စေသောအရာများ သောက်စားခြင်း)မှ ရှောင်ကြဉ်ရခြင်း၏ အကျိုးကျေးဇူးများ

သေရည်သေရက်နှင့် မူးယစ်စေသော အရာများ သောက်စားခြင်းမှ ရှောက်ကြဉ်ရာဖြစ်သော (သုရာမေရယ ) သိက္ခာပုဒ်ကို စောင့်ထိန်းသော ပုဂ္ဂိုလ်သည် သေလွန်တဲ့အခါ နတ်ပြည်သို့ရောက်ရတယ် ။ နတ်ပြည်မှ စုတေပြီး လူ့ဘုံဘဝမှာ ဖြစ်တဲ့အခါ
(၁) ကာလသုံးပါးတွင် ပြုအပ်သော ကိစ္စတို့မှာ မမေ့မလျော့ သတိရှိခြင်း
(၂) ဥာဏ်ပညာရှိခြင်း
(၃) အခါခပ်သိမ်း သတိရှိခြင်း
(၄) ဖြစ်ပေါ်လာသော ကိစ္စတို့တွင် အကြောင်းအားလျော်စွာ ဖြစ်ပေါ်လာသော ဥာဏ်ရှိခြင်း
(၅) ပျင်းရိမှု မရှိခြင်း
(၆) မဆွံ့မအခြင်း
(၇) ရူးသွပ်မှုမရှိခြင်း
(၈) ထိတ်လန့်တုန်လှုပ်မှု မရှိခြင်း
(၉) ဖိနှိပ်ချုပ်ချယ်မှု မရှိခြင်း
(၁၀) ငြူစူမှု မရှိခြင်း
(၁၁) နှမြောဝန်တိုမှု မရှိခြင်း
(၁၂) မှန်ကန်သောစကားကို ပြောဆိုခြင်း
(၁၃) ကုန်းတိုက်ခြင်း ကြမ်းတမ်းသောစကားကို ပြောဆိုခြင်းတို့မှ ကင်းလွတ်ခြင်း
(၁၄) သူတပါးတို့၏ ကျေးဇူးကို သိခြင်း
(၁၅) သူတပါးတို့၏ ကျေးဇူးကို ထင်ရှားစွာပြုခြင်း
(၁၆) စွန့်ကြဲလှူဒါန်းမှု မရှိခြင်း
(၁၇) သီလရှိခြင်း
(၁၈) ဖြောင့်မတ်စွာ ပြုတတ်ခြင်း
(၁၉) အမျက်ဒေါသ နည်းပါးခြင်း
(၂၀) အရှက်အကြောက် (ဟီရိသြတ္တပ္ပ) နှင့် ပြည့်စုံခြင်း
(၂၁) ဖြောင့်မတ်မှန်ကန်သော အယူဝါဒရှိခြင်း
(၂၂) မြင့်မြတ်သော အဖြစ်နှင့် ပြည့်စုံခြင်း
(၂၃) ပညာ ရှိခြင်း
(၂၄) အကျိုး ရှိ မရှိ တို့တွင် လိမ္မာခြင်း
စသော အကျိုးကျေးဇူးများ ရရှိနိုင်ပါသည် ။

ကောနီ
ငါးပါးသီလ ဂရုဓမ္မတရားတော်
Previous
Next Post »