ကျောနဲ့ရင်ဘတ်ပေါ်က ၀က်ခြံတွေ ပျောက်ကင်းစေမယ့် နည်းလမ်းကောင်းများ


ဝက်ခြံဟာ မျက်နှာ တစ်နေရာတည်းမဟုတ်ပဲ တစ်ခါတလေမှာ ကျောနဲ့ရင် ဘတ်တွေမှာလည်း ပေါက်တတ်ပါတယ်။ရင်ဘတ်မှာ ၀က်ခြံတွေ ပေါက်နေရ င်တော့ ပခုံးဖော်တဲ့ အကျီင်္တွေနဲ့ရင်ပတ်ဟိုက်တဲ့ အ၀တ်အစားတွေကို ၀တ်ရင် ဘယ်လို မှအဆင်ပြေမှာ မဟုတ်ပါဘူး။ဒါပေမယ့် ရင်နဲ့ကျောက ၀က်ခြံတွေကို ဒီနည်းလေးတွေ သုံးပြီး အလွယ်တကူ ဖြေရှင်းလို့ ရပါတယ်။

(၁)အုတ်ဂျုံ

အုတ်ဂျုံဟာ ၀က်ခြံအတွက်တော့ တကယ်ကို ထိရောက်တဲ့ ဆေးပါ။ချွေးပေါ က်တွေကို သန့်ရှင်းပေးပြီး အဆီကို စုပ်ယူနိုင်တဲ့ အစွမ်းတွေ သူ့မှာရှိပါတ ယ်။အုတ်ဂျုံကို ကျိုပါ။ပြီးရင်တော့ ပျားရည်၊သံပရို(သို့)သံပရာ ရည် လက် ဖက်ရည်ဇွန်း တစ်ဇွန်းစီထည့်ပါ။သမအောင်မွှေပါ။အေးသွားရင်တော့ အဲ့ဒါကို ရင်ဘတ်ပေါ်မှာ လိမ်းပေးပါ။နာရီဝက်လောက် ကြာအောင် ထားပေးပါ ။ပြီးရင်တော့ရေနွေးနဲ့ဆေးချပေးပါ။

(၂)ပန်းသီးရှာလကာရည်



အရေပြားကို pH Level ထိန်းပေးနိုင်တဲ့ အစွမ်းနဲ့ဗက်တီးရီးယားတွေကို ရှင်း လင်းပေးနိုင်တဲ့ အစွမ်းသူ့မှာရှိပါတယ်။ပန်းသီးရှာလကာရည်ကို ဂွမ်းနဲ့ယူပြီး ၀က်ခြံပေါက်နေတဲ့ ရင်ဘတ်ပေါ်ကို လိမ်းပေးပါ။နာရီဝက်လောက် ကြာအောင် ထားပေးပါ။ပြီးရင်တော့ ရေနဲ့ဆေးချလိုက်ပါ။

(၃)ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ကို ရင်ဘတ်ပေါ်က ၀က်ခြံတွေအတွက်လည်း အသုံးချလို့ ရပါတယ်။ရှားစောင်းလက်ပတ်ဂျဲလ်ကို ရင်ဘတ်ပေါ်က ၀က်ခြံပေါက်တဲ့ နေရာကို လိမ်းပေးပါ။မိနစ်(၂၀)လောက်ကြာအောင် ထားပေးပါ။ဒီနည်းကို တစ်နေ့နှစ်ကြိမ်လောက် လုပ်ပေးပါ။

(၄)မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါကတော့ ဗက်တီးရီးယားတွေကို ဖယ်ရှားရှင်းလင်း ပေးနိုင်သလို ယောင်ယမ်းတာတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ဒါ့အပြင် ၀က်ခြံအတွက်လည်း ဆေးပါ။မုန့်ဖုတ်ဆော်ဒါလက်ဖက်ရည် ဇွန်း(၂)ဇွန်း၊သံ ပရို(သို့)သံပရာရည် တစ်ဇွန်း၊ရေနှစ်ဇွန်းတို့ကို ရောပြီးမွှေပါ။ပြီးရင်တော့ လိမ်းပေးပါ။(၁၅)မိနစ်လောက် ကြာရင် ရေနဲ့ဆေးချပါ။

(၅)သခွားသီး

ဒါကတော့ အလွယ်ဆုံး၊ဈေးအသက်သာဆုံးနည်းလမ်းပါ။သခွားသီးကို မျက်နှာ ပေါင်းတင်တဲ့ ပစ္စည်းအဖြစ် အသုံးများပါတယ်။ဒါပေမယ့် သူ့ကို ရင်ဘတ်ပေါ်က ၀က်ခြံတွေအတွက်လည်း သုံးလို့ရပါတယ်။သခွားသီးကို ကြိတ်စက်၊ဖော်ျစက်ထဲ မှာ ထည့်ပြီးကြိတ်ပါ။ပျစ်ရုံလောက်ပဲ ကြိတ်ရမှာဖြစ်ပြီး ၊၀က်ခြံပေါက်နေတဲ့ ရင်ဘတ်ပေါ်ကို လိမ်းပေးပါ။မိနစ်(၃၀)လောက် ကြာအောင် ထားပြီးရင်တော့ရေနွေးနွေးလေးနဲ့ဆေးချပေးပါ။

Credit-shwemom
Previous
Next Post »