တရုတ်နိုင်ငံ နေ့ကလေးထိန်းကျောင်းတစ်ခုဖြစ်တဲ့ Huadian Experimental Kindergarte ကျောင်းမှာ တက်ရောက်နေတဲ့ ဂိုကျင်းထောင်လို့ အမည်ရတဲ့ 6 နှစ်သမီးလေးဟာ ကျောင်းတာဝန်ကျ ဆရာမတစ်ယောက်ရဲ့ မဆင်မခြင် လုပ်ရပ်ကြောင့် သေဆုံးခဲ့ရပါတယ်။ ဂိုကျင်းထောင်ဟာ သာမန်အားဖြင့် အေးအေးဆေးဆေးနဲ့ စာကြိုးစားတဲ့ ကလေးမလေးလို့ သိရပါတယ်။
ဒါပေမယ့် နေ့ကလေးထိန်း ဆရာမဟာ ဂိုကျင်းထောင်ကို စကားအလွန်ပေါတယ်ဆိုပြီး ပါးစပ်ကို တိပ်နဲ့ပိတ်၊ ကော်နဲ့ကပ်ခဲ့တာပါ။ ဒီနေရာမှာ နှာခေါင်းကိုပါ ရောပိတ်မိလိုက်ပုံရပြီး၊ ကလေးက မိနစ်ပိုင်းအတွင်း အသက်မရှုတော့ပါဘူုး။ အခြား ဆရာမတစ်ယောက်က မြင်မှ အရေးပေါ်ဆေးအဖွဲ့ကို ခေါ်ခဲ့ရပါတယ်။
ဆေးအဖွဲ့ရောက်ရောက်ချင်းမှာပဲ ကလေးသေဆုံးကြောင်း အတည်ပြုခဲ့ပေမယ့် KG ဆရာမတွေက ကလေးကို ဆေးရုံကို အမြန်ပို့ပေးခဲ့ပါသေးတယ်။ ဆရာဝန်တွေက ဂိုကျင်းထောင်ရဲ့ သေဆုံးမှုကို ထပ်မံအတည်ပြုခဲ့ပါတယ်။ သတင်းမှာတော့ ပြစ်မှုကျူးလွန်တဲ့ ဆရာမကို မည်သို့မည်ပုံ အရေးယူထားတယ်ဆိုတာ ဖော်ပြထားခြင်းမရှိသလို၊ Huadian Experimental Kindergarte ကျောင်းကလည်း ဘာထုတ်ပြန်ကြေငြာချက်မှ မပြုလုပ်ရသေးပါဘူး။
ဆေးအဖွဲ့မှ ထုတ်ပြန်ထားတဲ့ ကြေငြာချက်
သမီးလေး သေဆုံးမှုအတွက် ကြေကွဲဝမ်းနည်းနေတဲ့ ဂိုကျင်းထောင်ရဲ့ မိဘနှစ်ဦးကတော့ KG ကျောင်းရှေ့မှာ ထိုင်ကာ ဆုတောင်းအမျှဝေမှု၊ တရားမျှတမှုတွေအတွက် တောင်းဆိုနေပါတယ်။ ဒေသခံအစိုးရကလည်း ယခုသတင်းကို အတည်
ပြုခဲ့ပြီး ရဲတပ်ဖွဲ့နဲ့အတူ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
Huadian Experimental Kindergarte နေ့ကလေးထိန်းကျောင်းဟာ တရုတ်နိုင်ငံမြောက်ပိုင်း၊ Jilin စီရင်စု၊ Huadian မြို့မှာ တည်ရှိပြီး၊ နာမည်ကြီး နေ့ကလေးထိန်းကျောင်းတစ်ခု ဖြစ်ပါတယ်။ ယခုဖြစ်ရပ်အတွက် တရုတ်လူမှု ကွန်ယက်မီဒီယာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ခံနေရပြီး၊ ကျောင်းကိုတောင် ပိတ်ပစ်ဖို့အထိ ဖိအားပေးနေတယ်လို့ သိရပါတယ်။
Credit: နတ်စည်တော် (Shwemom)
source : thesun.co.uk
ConversionConversion EmoticonEmoticon