ရေဆိုတာ ကျန်းမာရေးအတွက် အရေးကြီးမှန်း အားလုံး သိထားပြီးသား ဖြစ်မှာပါ။ ဒီလောက်အရေးကြီးတဲ့ရေကို များများ သောက်ဖို့တော့ လိုပါတယ်။ ခန္ဓာကိုယ်အတွက်အလိုအပ်ဆုံး ရေဓါတ်ကို အချိန်မှီ ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ ရေများများ မသောက်ပေးရင် ဘာတွေ ဖြစ်နိုင်သလဲဆိုတော့…
ရေများများ မသောက်ဘူးဆိုရင် ပါးစပ်ခြောက်ခြင်း၊ အာခေါင်နာခြင်းတို့အပြင် မျက်စိကိုပါ ထိခိုက်စေနိုင်ပါသေးတယ်။ မျက်စိ ခြောက်ခြင်း၊ မျက်ခမ်းစပ်နာခြင်းနဲ့ အမြင်အာရုံမကြည်လင်ခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။ အရိုးအဆစ်တွေ သန်မာဖို့ဆိုတာ ရေဓါတ် ၈၀ ရာခိုင်နှုန်း လိုအပ်ပါတယ်။ ဒါကြောင့် ရေများများ မသောက်ဘူးဆိုရင် အရိုးအဆစ် သန်မာမှုကို အနှောင့်အယှက်ဖြစ်စေမှာ အသေအချာပါပဲ။ ခန္ဓာကိုယ် သန်မာ ကြံ့ခိုင်စေဖို့ ကြွက်သားတွေ ကောင်းကောင်း ဖွံ့ဖြိုးဖို့ လိုပါတယ်။ ဒါကို အဖြည့်ဆည်းပေးနိုင်တဲ့ အဓိကကတော့ ရေပါပဲ။ ရေဟာ ခန္ဓာကိုယ်ကို အဆိပ်အတောက် ဖြစ်စေတဲ့ အရာတွေအားလုံးကို ဖယ်ရှားပေးပါတယ်။ အကယ်လို့ ရေများများ မသောက်ဘူးဆိုရင် နေမကောင်းတဲ့အခါမှာ ကြာရှည်နိုင်ပါတယ်။ ရေများများ သောက်လေ့သောက်ထ မရှိဘူးဆိုရင် ပါးရေတွန့်တာတွေ မြန်မြန် ဖြစ်စေနိုင်ပါတယ်။
Ref: Bright side
ဖြိုးပြည့်သူ(မိုမိုလေး)
Ref: Bright side
ဖြိုးပြည့်သူ(မိုမိုလေး)
ConversionConversion EmoticonEmoticon