လူငယ်တွေမှာ လူမှုမီဒီယာပလက်ဖောင်းအများအပြား သုံးခြင်းက စိတ်ကျရောဂါ နှစ်ဆမက မြင့်တက်စေနိုင်တယ်လို့ လေ့လာမှုအသစ်တစ်ခုက သတိပေးထားပါတယ်။ လူမှုမီဒီယာပေါ် စုစုပေါင်း ကုန်ဆုံးတဲ့အချိန်ကို နှိုင်းယှဉ်လိုက်တော့ လူမှုမီဒီယာပလက်ဖောင်း အသုံးပြုမှုဟာ လူငယ်တွေကြား စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ကြောင့်ကြမှုနဲ့ ဆက်စပ်မှုတွေ ပိုများနေကြောင်း သုတေသီတွေက ဆိုပါတယ်။
လူမှုမီဒီယာပလက်ဖောင်း ၇ ခုကနေ ၁၁ ခုထိ အသုံးပြုသူတွေဟာ ၂ ခုလောက်ပဲ အသုံးပြုသူတွေထက် စိတ်ဓာတ်ကျမှုနဲ့ စိုးရိမ်သောကဖြစ်မှုအန္တရာယ်ဖြစ်နိုင်ခြေ ၃ဆ ပိုများကြောင်း လေ့လာမှုက ဖော်ပြခဲ့ပါတယ်။ အသက် ၁၉ နဲ့ ၃၂ ကြားရှိ အမေရိကန်လူငယ် ၁,၇၈၇ ယောက်ကို နာမူနာကောက်ပြီး လူမှုမီဒီယာ သုံးစွဲမှုကို သုတေသီတွေ စစ်တွက်ချက်ခဲ့တာပါ။
Facebook ၊ YouTube ၊ Twitter ၊ Google Plus ၊ Instagram ၊ Snapchat ၊ Reddit ၊ Tumblr ၊ Pinterest ၊ Vine နဲ့ LinkedIn ဖြစ်တဲ့ လူသိအများဆုံး လူမှုမီဒီယာပလက်ဖောင်း ၁၁ ခုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။ ပလက်ဖောင်း ၇ ခုကနေ ၁၁ ခု ထိ အသုံးပြုသူ မေးမြန်းခံသူတွေဟာ ၂ ခုလောက်ပဲ အသုံးပြုသူတွေထက် စိတ်ကျရောဂါဖြစ်နိုင်ခြေ ၃.၁ ဆ ပိုများကြတယ်လို့ သုတေသီတွေက လေ့လာတွေ့ရှိခဲ့ကြပါတယ်။
Ref: gadgetsnow
ConversionConversion EmoticonEmoticon