သို့...မြန်မာနိုင်ငံရှပ်ရှင်အစည်းရုံးဥက္ကဌ ဦးလူမင်းထံသို့ ပေးစာ



ရုပ်​ရှင်​အစည်းရုံးနဲ့ဒါရိုက်​တာများခင်​မျ .. ပုဂံ​ညောင်​ဦးကိုလာ​ရောက်​ရိုက်​ကူးကြ​သော ရုပ်​ရှင်​ဗွီဒီယိုဇာတ်​ကားအများစုမှာ ယခု​ခေတ်​မှာမရှိ​တော့တာကို အရှိလုပ်​ပီး ပုဂံကိုထိ​ခိုက်​​စေမည့်​ အနူဇာတ်​လမ်း ဆင်းရဲသားဇာတ်​လမ်း အခြားနိမ့်​ချသည့်​ ဇာတ်​လမ်းအမျိုးစားများကိုမကြာခဏ​လာ​ရောက်​ရိုက်​ကူး​နေကြပါသည်​။
ပုဂံဆိုတာ တစ်​ချိန်​က ဘုန်းမီး​နေလ ထွန်း​တောက်​ခဲ့ မင်း​ကောင်းမင်းမြတ်​​တွေ အုပ်​စိုးခဲ့တဲ့ မြန်​မာပြည်​ရဲ့အထင်​ကရ မြို့​တော်​ဖြစ်​ပါတယ် ။ ဒီအ​ကြောင်း​တွေကို ကျအဖြစ်​မှန်​တိုင်း မရိုက်​ကူးပဲနဲ့ ယ​နေ့​ခေတ်​မရှိ​တော့တာကိုကျ အရှိလုပ်​ပီးကမ္ဘာသိ​အောင်​​ကြေငြာ​နေသလိုဖြစ်​​နေတယ်​။
မြန်​မာပြည်​ရဲ့ ဗုဒ္ဓသာသနာထွန်း​တောက်​​နေတဲ့ပုဂံမြို့ကြီးကို အနုပညာမဟုတ်​တဲ့ အတုပညာနဲ့ စီးပွားရှာပီးလာ​ရောက်​​ စော်​ကား​နေသလို ဖြစ်​​နေပါတယ်​။ တခု​ပြောချင်​ပါ​သေးတယ်​ ပုဂံပြည်​ဟာ ပုဂံ​ခေတ်​တွင်​သာမက ကိုလိုနီ​ခေတ်​မှာလည်း နယ်​ချဲ့ကို​တော်​လှန်​ခဲ့တဲ့ သူရဲ​ကောင်း​တွေ​ပုဂံမှာ ​ပေါ်ထွက်​ခဲ့တာလည်း အားလုံးအသိပါ။
ရိုက်​ပြလိုက်​စမ်းပါ ပုဂံ​ခေတ်​က ရှင်​ဘုရင်​​တွေ အ​ကြောင်း ခမ်းခမ်းနားနား ရိုက်​ပြလိုက်​စမ်းပါ ပုဂံဗိုလ်​ချိုသမိုင်း။ မသိရင်​ပဲ ကျ​နော်​တို့ ပုဂံ​ညောင်​ဦးကလူ​တွေက ပဲ သူ​တောင်းစား​တွေလို ငမွဲ​တွေလိုလို အနူ​တွေလိုလို ဒဲ့မ​ပြောရုံတစ်​မယ်​ပါပဲ… ။

အနုပညာ လုပ်​ရင်​လည်း သန့်​သန့်​ရှင်းရှင်း​လေး​တော့ လုပ်​​စေချင်​တယ်​ သူတပါးကို ထိခိုက်​ပီးမှရလာမဲ့​ အောင်​မြင်မူ့မျိုး​နဲ့ ကမ္ဘာသိ​အောင်​ မ​ကျော်​​ဇောချင်​ပါနဲ့မြန်​မာ့သမိုင်းကို ပုဂံကစ​ရေးခဲ့တာကိုလည်း ခင်​များတို့​ခေါင်းထဲမှာထည့်​ထားဖို့ မ​မေ့ ပါနဲ့မြန်​မာကိုချစ်​ရင်​ ပုဂံကိုလည်းမြတ်​နိုးပါ ။
ကျ​နော်​ဒီထက်​ပိုပီး​တော့လည်း မ​ပြောချင်​​တော့ပါဘူး စီးပွား​ရေး​ဈေးကွက်​တခု အဆင်​​ပြေဖို့အ​ရေး သမိုင်းလှခဲ့တဲ့ ပုဂံပြ ည်​ကြီးကို ခုတုန်းလုပ်​ပီး အမြတ်​မရှာကြဖို့ #ဦးလူမင်း မှတဆင့်​ အနုပညာ​လောက သားများနှင့်​ထုတ်​လုပ်​သူ ပရိုဂျူဆာ ကြီးများသိ​အောင်​ အခုလိုပုဂံသားတစ်​​ယောက်​အ​နေနဲ့ ရင်​ဖွင့်​လိုက်​ရပါတယ်​………
ကို​ဆော်​:#ပုဂံ
Credit : Sunthit Phothutaw Team(www.phothutaw.com)

Previous
Next Post »