သားအိမ်ခေါင်းကင်ဆာဟာ ကမ္ဘာပေါ်ရှိ အမျိုးသမီးထုကြီးအတွက် ကြောက်စရာအကောင်းဆုံး ရောဂါဖြစ်လာသလို ထိုရောဂါကြောင့်ပဲ အမျိုးသမီးတွေ အသက်သေဆုံးလျက် ရှိနေကြပါတယ် ။ သေဆုံးကြသူ အမျိုးသမီးတော်တော်များများဟာ သားအိမ်ခေါင်းကင်ဆာရဲ့ အန္တရာယ်ကို မသိရှိသူ ၊ လက္ခဏာတွေကို လျစ်လျူရှုခဲ့မှုတွေကြောင့် အချိန်နှောင်းကာ ကုသမှုမခံယူနိုင်ဘဲ သေဆုံးခဲ့ကြရပါတယ် ။ ဒါ့ကြောင့် အရွယ်ရောက်ပြီးသူ အမျိုးသမီးတိုင်း သားအိမ်ခေါင်းကင်ဆာရဲ့ နိမိတ်လက္ခဏာတွေကို မဖြစ်မနေ သိရှိထားသင့်ပါတယ် ။
၁။ပုံမှန်မဟုတ်သော သွေးဆင်းခြင်း
သားအိမ်ခေါင်းကင်ဆာရဲ့ အဓိကလက္ခဏာရပ်ကတော့ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း ၊ ရာသီချိန်မဟုတ်ဘဲ သွေးဆင်းခြင်းတို့ပဲ ဖြစ်ပါတယ် ။ အကယ်၍ မိမိတွင် ရာသီစက်ဝန်းချိန်မဟုတ်ဘဲ သွေးဆင်းတာ (သို့) လိင်ဆက်ဆံပြီးချိန် သွေးဆင်းတတ်တာမျိုးတွေ ရှိလာပြီဆိုရင်တော့ ဆရာဝန်ကို ပွင့်လင်းစွာပြောပြပြီး ကုသမှုခံယူသင့်ပါသည် ။
၂။အမျိုးသမီးအင်္ဂါ ပုံမှန်မဟုတ်တော့ခြင်း
သာမန် အမျိုးသမီးအင်္ဂါကတော့ ပုံမှန်အားဖြင့် အနံ့အသက် အနည်းငယ်ရှိတတ်ကြပါတယ် ။ သို့သော် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပြီဆိုလျှင်တော့ သာမန်ထက် အနံ့အသက် ပိုဆိုးနေတတ်ပါတယ် ။ဒါ့အပြင် မိန်းမကိုယ်ဟာ သာမန်အရောင်မဟုတ်ဘဲ ဖြူဖျော့လွန်းခြင်း ၊ ညိုတိုတိုဖြစ်နေခြင်း ၊ သွေးတွေကပ်နေတတ်ခြင်း နှင့် အမြဲလိုလိုစိုစွတ်နေခြင်းတို့ဟာလည်း သားအိမ်ခေါင်းကင်ဆာရဲ့ နိမိတ် လက္ခဏာတွေပဲ ဖြစ်ပါတယ် ။ ဆရာဝန်နှင့် ချက်ချင်း ဆွေးနွေးသင့်ပါတယ် ။
၃။တင်ပါးဆုံရိုးနာကြင်ခြင်း
အမျိုးသမီး အများစုဟာ ရာသီစက်ဝန်းချိန် နှင့် အခြားသောအခြေအနေမျိုးတွေမှာ တင်ပါးဆုံရိုး နာကြင်လေ့ရှိကြပါတယ် ။ သို့သော်လည်း တင်ပါးဆုံရိုးနာကြင်မှုဟာ အချိန်ရှည်ကြာလာပြီ ဆိုလျှင်တော့ သားအိမ်ခေါင်းကင်ဆာကြောင့် ဖြစ်နေနိုင်ပါတယ် ။ ဒီလိုအချိန်မှာ အမြန်ဆုံး ဆေးစစ်ပြီး အချိန်မနှောင်းခင် ကုသမှုခံယူသင့်ပါတယ် ။
၎။ဆီးသွားရခက်ခြင်း
သားအိမ်ခေါင်းကင်ဆာ ဖြစ်လာတဲ့အခါမှာ ကင်ဆာဆဲလ်ဟာ အနီးတဝိုက်ရှိ တစ်သျှူးတွေကို ပြန့်သွားပြီး ဆီးသွားလျှင် ပူခြင်း ၊ စူးအောင့်ခြင်း နှင့် ဆီးကျင်ပြီး သွားရခက်တာ မျိုးတွေ ဖြစ်လာတတ်ပါတယ် ။ ဒါ့ကြောင့် ဒီလိုမျိုးတွေ မကြာခဏ ခံစားရပြီဆိုလျှင် သတိပြုသင့်ပါတယ် ။ သို့သော်လည်း ဆီးပြဿနာဟာ အခြားသော အခြေအနေမျိုးတွေမှာလည်း ဖြစ်နေနိုင်ပါတယ် ။ဆီးလမ်းကြောင်းပိုးဝင်ခြင်း ၊ ဆီးအိမ်ပြဿနာ ၊ မှိုရောဂါ နှင့် လိင်ဆက်ဆံခြင်းမှ ဖြစ်ပေါ်တတ်သောရောဂါ တို့ကြောင့်လည်း ဆီးသွားတဲ့အခါ နာကြင်မှုတွေ ခံစားရတတ်ပါတယ်။
၅။ရာသီသွေးများပြီး အချိန်ကြာခြင်း
သာမန် ရာသီစက်ဝန်းချိန်တိုင်း မဟုတ်ဘဲ ပုံမှန်ထက် ရက်ပိုကြာခြင်း ၊ သွေးဆင်းမှုများခြင်း စတဲ့ လက္ခဏာတွေ ပေါ်လာလျှင်လည်း ဂရုပြုသင့်ပါတယ် ။
၆။ဆီးမနိုင်ခြင်း
ကင်ဆာဆဲလ်တွေဟာ ဆီးအိမ်တဝိုက်မှာ ပျံ့နှံ့လာတာကြောင့် ဆီးသွားရန် အထိန်းအကွပ် နည်းလာပြီး ဆီးထွက်တက်ပါတယ် ။ဒီလို ဆီးမထိန်းနိုင်မှု ဖြစ်တဲ့အခါ ဆီးမှာ သွေးပါ၊မပါ ကြည့်ပြီး သွေးပါလာပြီဆိုလျှင်တော့ ဆရာဝန်နှင့် တိုင်ပင်သင့်ပါပြီနော်။
၇။ရုတ်တရက် ကိုယ်အလေးချိန်ကျခြင်း
ကင်ဆာလ်ကြောင့် ကိုယ်တွင်းလုပ်ဆောင်ချက်တွေဟာ မကောင်းမွန်တော့ဘဲ အကြောင်းအရင်းမရှိ ကိုယ်အလေးချိန် ကျသွားတတ်ပါတယ်။ သင်ဟာ ရုတ်တရက် ကိုယ်အလေးချိန်ကျသွားတဲ့အပြင် ဖော်ပြထားတဲ့ အချက်တွေထဲက လက္ခဏာတွေနဲ့ ကိုက်ညီနေလျှင်တော့ သားအိမ်ခေါင်းကင်ဆာ ဖြစ်နေနိုင်ပါတယ် ။
၈။မောပန်းနွမ်းနည်ခြင်း
အမျိုးသမီးတွေဟာ တစ်မျိုးမဟုတ်တစ်မျိုး နေ့တိုင်း အလုပ်လုပ်နေရတာချည်းပါပဲ ။ ပုံမှန်အားဖြင့် အနည်းငယ်အနားယူလိုက်လျှင် ပြန်လည် လန်ဆန်း အားပြည့်လာကြတာပါပဲ ။ ဒီလိုမဟုတ်ဘဲ အမြဲတမ်း အားအင်ကုန်ခမ်းသလို နုံးချိချိ ခံစားနေရပြီဆိုလျှင်တော့ သတိထားသင့်ပါတယ် ။
၉။ခြေထောက်နာကြင်ခြင်း
သားအိမ်ခေါင်းကင်ဆာရဲ့ နောက်ထပ်လက္ခဏာရပ်ကတော့ ခြေထောက်များ ဖောရောင်ခြင်းတို့ပဲ ဖြစ်ပါတယ် ။ ကင်ဆာပျံ့နှံ့မှုကြောင့် သွေးလည်ပတ်မှု ပိတ်ဆို့စေကာ ခြေထောက်တွေ ဖောရောင်လာပါတယ် ။ အလုပ်လုပ်ခြင်းကြောင့်လည်း ခြေထောက်ဖောရောင် မကြာခဏ နာကြင်တတ်ပါတယ် ။ သားအိမ်ခေါင်းကင်ဆာကြောင့် ခြေထောက် ဖောရောင်နာကြင်မှုဟာ အမြဲလိုလို ဖြစ်နေတတ်ပြီး နာကြင်မှု တိုးတိုးလာတတ်ပါတယ် ။ သို့သော် မခံမရပ်နိုင်အောင် နာကြင်တာမျိုးကတော့ သားအိမ်ခေါင်းကင်ဆာလို့ နာမည်တပ်လို့ မရပါဘူး။
သားအိမ်ခေါင်းကင်ဆာ မဖြစ်အောင်ကာကွယ်နည်း
– အသက် ၂၀ နှင့် ၃၀ ကြား ရှိ အမျိုးသမီးတိုင်း ၃နှစ်တစ်ခါ ဆေးစစ်သင့်ပါတယ် ။အသက် ၃၀ မှ ၆၅ နှစ်အတွင်း အမျိုးသမီးတွေအနေနှင့် ၃နှစ်မှ၅နှစ် ကြား ဆေးစစ်မှုတွေ ပြုလုပ်သင့်ပါတယ်။
– အသက် ၂၀မတိုင်ခင်မှစကာ သားအိမ်ခေါင်းကာကွယ်ဆေး ထိုးသင့်ပါပြီ။
– ဆေးလိပ်သောက်ခြင်းကို လုံးဝရှောင်ပါ။ ဆေးလိပ်ငွေ့တွေလည်း မရှူရှိုက်မိပါစေနှင့်
– လိင်ဆက်ဆံခြင်းမှ ဖြစ်တတ်သောရောဂါတွေကိုလည်း မခံစားရအောင် သန့်ရှင်းမှု ၊ ဗဟုသုတတွေ လိုက်နာလုပ်ဆောင်ပါ ။
CHAN (ရွှေအင်းလေး)

ConversionConversion EmoticonEmoticon