ဒီမေးခွန်းလေးဟာ ယောက်ျားလေးတွေအတွက်တော့ ဖြေရှင်းရခက်တဲ့ ကမ္ဘာကျော်ပဟေဋ္ဌိတစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ်ကအသားဖြူသော်လည်း ကိုယ့်ညီလေးက ညိုသလိုလိုဖြစ်နေတဲ့အခါ အမှိုက်ပုံက ကောက်လာတဲ့ မွေးစားညီလေးများလား၊ ဘာလား ညာလားနဲ့ သံသယတွေ ၀င်လာရပါတော့တယ်။ ဒါပေမယ့် မပူပါနဲ့တော့ ဒီမေးခွန်းလေးအတွက် အဖြေပေါ်လာပါပြီ။ အဲ့ဒါဟာ သင့်ရဲ့ပိုင်ဆိုင်မှု စစ်စစ်ပါတဲ့။ ဒီမေးခွန်းလေးကိုတော့ အမေရိကန်နိုင်ငံမှ အရေပြားပညာရှင် Dr. Cameron Rokhsar ဆိုသူက ဖြေကြားပေးထားပါတယ်။
အဲ့ဒါကတော့ ဟော်မုန်းတွေကြောင့် ဖြစ်ရတာပါတဲ့။ လူတစ်ယောက်ရဲ့ အသားအရည်အရောင်ဟာ အရေပြားထဲက မယ်လနင် (melanin) လို့ခေါ်တဲ့ Protein Pigment အနည်းအများနဲ့ သက်ဆိုင်ပြီး မယ်လနင်များတဲ့သူဟာ အသားပိုညိုတတ်ပါတယ်။ ဖွားဖက်တော်နေရာကတော့ testosterone နဲ့ estrogen လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ ဟော်မုန်းတွေကြောင့် မယ်လနင်ဓါတ်တွေကို ပိုမိုထုတ်လွှတ်ပေးတာမို့ အခြားနေရာတွေထက် ပိုညိုနေရတာပါတဲ့။ ဒါဟာအမျိုးသားတွေမှာသာမဟုတ် အမျိုးသမီးတွေရဲ့ ရင်သားထိပ်လေးတွေကလည်း ဒီသဘောပါပဲ။ ငယ်ငယ်ကနဲ့ အသက်ရလာတဲ့အချိန်နှစ်ခုမှာ အရောင်အနုအရင့် မတူတော့ပါဘူး။ အသက်ကြီးလာလေလေ မယ်လနင်ဓါတ် ပိုထုတ်လေပါပဲတဲ့။
ဒီအချက်ကို ကလေးလေးတွေ မှာလည်းကြည့်နိုင်ပါတယ်။ ကလေးငယ်တွေဟာ မွေးစမှာတော့ ဆံပင်လေးတွေဟာ ပန်းရောင်လေးတွေ သန်းနေတတ်ပေမယ့် အရွယ်ရောက်လာတဲ့အခါမှာတော့ ဆံပင်တွေဟာ ပုံမှန်အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားတတ်ကြတာ သဘာဝပါ။ ဒါပေမယ့် ဒီနေရာမှာ ဗဟုသုတတစ်ခုအနေနဲ့ ထပ်ပြောရရင် သင့်ရဲ့ကျန်းမာရေးအခြေအနေကြောင့်လဲ အရေပြားအရောင်က ပြောင်းလဲတတ်ပါသေးတယ်။ သင်ဟာအ၀လွန်ပြီး ဆီးချို၊ သွေးချိုရောဂါ ရှိနေတဲ့သူဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ အချို့သောနေရာတွေမှာ အရေပြားအရောင်ဟာ ပိုညိုလာတတ်ပါသတဲ့။
ဖိုးသူတော် (www.phothutaw.com)
Credit: Momolay
ConversionConversion EmoticonEmoticon